၂၄နာရီအတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက်ရှိ ရွှေတူးဖော်မှုများရုပ်သိမ်းရန် မြို့လှ KPDF သတိပေး
13 May 2022 – Kachinwaves
ရွှေကူမြို့နယ် မြို့လှ PDF တပ်နယ်အတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက် ရွှေတူးဖော်နေသည့် ရွှေဖောင်များ ၂၄နာရီအတွင်း အမြန်ဆုံး ရုပ်သိမ်းပေးရန် ကချင်ပြည်နယ် ရွှေကူမြို့နယ်၊ မြို့လှ KPDF မှ ယနေ့ သတိပေးချက် ထုတ်ပြန်လိုက်သည်။
သတိပေးထုတ်ပြန်ချက်ကို လိုက်နာဆောင်ရွက်မှု မရှိပါက ရွှေဖောင်လုပ်ဆောင်နေသူများကို သဘာဝပတ်ဝန်းကျင်ဖျက်ဆီးနေသူများ၊ အများပြည်သူ၏ အကျိုးစီးပွားကို ဆုတ်ယုတ်စေသူများအဖြစ် သတ်မှတ်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် ပစ်ခတ်ရှင်းလင်းသွားမည်ဖြစ်ကြောင်း သတိပေးထုတ်ပြန်ချက်၌ ပါရှိသည်။
ဧရာဝတီမြစ်ရိုးတစ်လျှောက် လုပ်ဆောင်လျက်ရှိသော ရွှေဖောင်များသည် သဘာဝပတ်ဝန်းကျင်ကိုဆိုးရွားစွာ ထိခိုက်ပျက်စီးစေပြီးဒေသခံပြည်သူများလည်း လိုလားခြင်းမရှိ၍ ဖြေရှင်းပေးရန် တောင်းခံလာသည်ဟု ဆိုသည်။