မံစီမှာ စစ်ကောင်စီ ကားနှစ်စီးကို ကေအိုင်အေ တိုက်
7 April 2022-Kachinwaves
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မိုင်ခေါင်ကျေးရွာ အနီးရှိ ခိုင်ရိန်းပါတွင် ယနေ့ နံနက် ၈နာရီခွဲ ခန့် စစ်လက်နက်တွေနှင့် ရိက္ခာတင်လာသည့် စစ်ကောင်စီ ကားနှစ်စီးကို ကေအိုင်အေတပ်မှ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အတွက် ကားတစ်စီးပျက်စီးသွားကြောင်း သိရသည်။
စစ်ကောင်စီကားနှစ်စီး တိုက်ခံရသည့်နောက် မိုင်ခေါင်နှင့် ဇွမ်ဂျာ စစ်ကောင်စီတပ်မှ မိုင်းပေါက်ခွဲသည့်နေရာသို့ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
၎င်းစစ်ကောင်စီတပ်တို့ မိုင်ခေါင်မှ မာဂျီးကောင်ဘက်သို့ စစ်လက်နက်များ စားနပ်ရိက္ခာများ သယ်ယူပို့ဆောင်လျှက်ရှိကြောင်း သိရသည်။
ဧပြီလ ၆ရက်နေ့တွင်လည်း မန်စီမြို့နယ် မိုင်ခေါင်က စစ်ကောင်စီတပ်မှ အင်အား(၂၀၀)ခန့်ဖြင့် စစ်အင်အား၊ လက်နက်နှင့် စားနပ်ရိက္ခာသယ်ယူပို့ဆောင်နေစဥ် ကေအိုင်အေတပ်ဖွဲ့မှ တိုက်ခိုက်ခြင်းခဲ့သည့်အတွက် နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့သည်။