မန်စီမြို့နယ်မှာ စစ်ကောင်စီတပ်နှင့် ကေအိုင်အေ တိုက်ပွဲဖြစ်ပွား
6 April 2022-Kachinwaves
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မိုင်ခေါင်က စစ်ကောင်စီတပ်မှ အင်အား(၂၀၀)ခန့်ဖြင့် စစ်အင်အား၊ လက်နက်နှင့် စားနပ်ရိက္ခာသယ်ယူပို့ဆောင်နေစဥ် ယနေ့နံနက်တွင် ကေအိုင်အေတပ်ဖွဲ့၏ တိုက်ခိုက်ခြင်းခံရပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
၎င်းစစ်ကောင်စီတပ် စစ်ကြောင်းသည် တပ်မ (၈၈)နှင့် စကခ (၁၅)၊ ခလရ (၁၂၁)မှ စစ်သားများဖြစ်ပြီး မိုင်ခေါင်ကျေးရွာရှိ စစ်ကောင်စီတပ်မှ ကား(၄) စီးဖြင့် ထွက်ခွာလာရာ မာဂျီးကောင်သို့ သွားသည့်လမ်းတွင် တိုက်ခိုက်ခံရကြောင်း သိရသည်။
ဧပြီ ၅ရက်နေ့တွင်လည်း တနိုင်း-လီဒိုလမ်း လဝါးကျေးရွာနှင့် ဒွမ်ဘွမ်ကျေးရွာအကြားတွင် စစ်ရေးလှုပ်ရှားနေသည့် စစ်ကောင်စီတပ်ကို ကေအိုင်အေပူးပေါင်းတပ်မှ တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီစစ်သားများမှ ထိခိုက်ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများရှိသည့်အတွက် အနီးဝန်းကျင်ရှိ ကျေးရွာများသို့ လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခဲ့သည်။