စစ်ကောင်စီတပ်မှ လိုင်ဇာမြို့ဘက်သို့ လက်နက်ကြီးလှမ်းပစ်၊ တရုတ်ဘက်လည်း ကျရောက်ပေါက်ကွဲ
23 March 2022 – Kachinwaves
ကေအိုင်အေ တပ်မဟာ (၅)နယ်မြေ ဘွမ်ရဲဘွမ်တွင် စခန်းချနေသည့် စစ်ကောင်စီတပ်မှ ယနေ့နံနက် ၃နာရီခွဲကျော်အချိန်တွင် ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့ဘက်သို့ လက်နက်ကြီး ၄ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်အချို့တရုတ်နိုင်ငံ နားဘန်းကျေးရွာဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထို့အပြင် KIA တပ်ရင်း (၅) နယ်မြေ Ga Hkyeng Bum ဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တို့ကို မင်းကျောင်းကုန်းတွင် ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်တို့နှင့် ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွားလေ့ရှိသည်။