နန်းမားဘက်တက်လာသည့် စစ်ကောင်စီယာဥ်တန်းကို ကေအိုင်အေ နှင့် PDF တွေ တိုက်
7 March 2022-Kachinwaves
ကချင်ပြည်နယ် မိုးညှင်း မြို့နှင့် နန်းမား ကြားတွင် တက်လာသည့် စစ်ကောင်စီယာဥ်တန်းကို ကေအိုင်အေ၊PDFပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ယနေ့မနက်၇နာရီခန့်မှစကာ တိုက်ပွဲ ပြင်းထန် နေကြောင်း သိရသည်။
နန်းမား အခြေစိုက် စစ်ကောင်စီအမြောက်တပ်မှ တိုက်ပွဲ ဖြစ်သည့်နေရာသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း ဒေသခံတစ်ဦး ကပြောသည်။
“မနက် ခုနှစ်နာရီကနေ အခု ကိုးနာရီထိုးခါနီးအထိကို လက်နက်ကြီးသံတွေ လက်နက်ငယ်သံတွေ မပြတ် ကြားနေရပါတယ်”ဟုဒေသခံတစ်ဦးက ပြောသည်။
နှစ်ဖက်တိုက်ပွဲကြောင့် နန်းမားမြို့အတွင်းမှ စျေးဆိုင်တချို့ ပိတ်သိမ်းနေကြကြောင်း သိရသည်။
မတ်လ၅ရက်နေ့တွင် ကချင်ပြည်နယ် မိုးညှင်း ခရိုင် မော်ဟန်ဘက်သို့တက်လာသည့် စစ်ကောင်စီယာဥ်တန်း ကို တိုက်ခိုက်ခဲ့သည်။