ကံပေါက်ရွာမှ စစ်ကောင်စီသတင်းပေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF)အဖွဲ့မှသုတ်သင်ရှင်းလင်းသည်ဟုဆို
4 March 2022 – Kachinwaves
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ ပယကျေးရွာအုပ်စု ဖက်တောင်ရွာက ဦးလှသန်းကို မတ်လ ၃ရက် နေ့ ညနေပိုင်းတွင် ၎င်း၏ခြံအနီး၌ ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF)မှသုတ်သင်ရှင်းလင်းခဲ့ကြောင်း ထုတ်ပြန်ထားပါသည်။
ဦးလှသန်းသည်ရပ်ရွာထဲတွင် စစ်ကောင်စီကို သတင်းပေးခြင်း၊ ကံပေါက်သပိတ်စစ်ကြောင်းတွင် ပါဝင်သူများကို ဖမ်းဆီးခိုင်းခြင်း၊ ရပ်ရွာပိုင် ငွေကြေးရံပုံငွေများကို စစ်ကောင်စီနဲ့ ပူးပေါင်းပြီး မတရားအဓမ္မသိမ်းဆည်းခြင်းများကိုလုပ်ဆောင်ခဲ့ကြောင်း ကံပေါက်ဒေသခံများက ဆိုသည်။
ယခုလုပ်ဆောင်ချက်သည် ရွာသူ၊ ရွာသားများနှင့် လုံးဝ မသက်ဆိုင်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF)အဖွဲ့နှင့်သာ သက်ဆိုင်ကြောင်း ထုတ်ပြန်ထား ပါသည်။
Photo: CJ