အနုပညာဖြင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် ခေါင်းစဉ်တပ်ကာ စစ်ကောင်စီက အနုပညာရှင်တစ်ချို့ကို လွတ်ငြိမ်းခွင့်ပေး
2 March 2022 – Kachinwaves
ပိုင်တံခွန်၊ လူမင်း၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင် တို့ကို “အနုပညာဖြင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီနေ့ မတ်လ ၂ ရက်နေ့တွင် လွတ်ငြိမ်းခွင့်နဲ့ စစ်ကောင်စီက လွတ်ပေးခဲ့ပါတယ်။
(Beauty Blogger) ဝင်းမင်းသန်းကိုလည်း ပုဒ်မ ၅၀၅-က အမှုကို လွတ်ငြိမ်းခွင့်ပေးခဲ့ပြီး ဒါရိုက်တာ ဝိုင်းအပေါ် အရေးယူထားတဲ့အမှုကိုလည်း ပိတ်သိမ်းပေးခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မှာ ဖော်ပြ ထားပါတယ်။
ဒီနေ့အနုပညာရှင်များကို ပေးတဲ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှု သာပါဝင်နေတာ ဖြစ်ပါတယ်။
Photos: အတွက်မူလပိုင်ရှင်များကို Credit ပေးပါတယ်။