ရှမ်းမြောက်လမ်းဘေးအမှိုက်တွေကြောင့် ဒေသခံများ အခက်ကြုံနေ
2 March 2022-Kachinwaves
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ မော်ဟန်ကျေးရွာအဝင် လမ်းမဘေးတွင် တရိစ္ဆာန် အသေကောင်များ အညစ်အကြေးများကို လာရောက်စွန့်ပစ်ကြသည့်အတွက် အနီးဝန်းကျင်တွင် နေထိုင်သူများ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
မော်ဟန်ကျေးရွာအဝင်လမ်းတွင် အညစ်အကြေး စွန့်ပစ်အမှိုက်များသာမက ဝက်သေကောင်များကိုလည်း လာရောက်စွန့်ပစ် နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ဝက်အသေတွေလည်း ပစ်တဲ့အတွက်ကြောင့် အဲ့အမှိုက်ပစ်တဲ့နေရာနဲ့ နီးတဲ့သူတွေမှာ ဝက်အနာတွေ ဖြစ်နေကြတယ်၊အညစ်အကြေးတွေစားတဲ့ နွားတွေလည်း သေကြတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။
၎င်းနေရာတွင် စားကျက်လာစားသည့်နွား ၆ကောင်ခန့် သေဆုံးသွားကြောင်းလည်း သိရသည်။
မော်ဟန်ကျေးရွာအဝင် ၂ဖာလုံခန့်တွင် လမ်းမဘေး၌ အညစ်အကြေးအမှိုက်များ စွန့်ပစ်နေကြခြင်း ဖြစ်သည်။