မြစ်ကြီးနား – ပူတာအိုလမ်းတွင် စက်သုံးဆီနှင့် ကုန်တင်ယာဉ်များကို ပြန်လည်သွားလာခွင့်ပြု
1 March 2022 – Kachinwaves
စက်သုံးဆီနှင့် ကုန်တင်ယာဉ်များကို မတ်လ ၂ရက်နေ့မှ စပြီး မနက် ၆ နာရီမှ ညနေ ၅နာရီအတွင်း မြစ်ကြီးနား – ပူတာအိုလမ်းတွင် ပြန်လည်သယ်ဆောင်ခွင့်ပြုပြီ ဖြစ်ကြောင်း Putao PDF မှထုတ်ပြန်လိုက်ပါတယ်။
ခရီးသည်များကိုတော့ တင်ဆောင်ခွင့်မပြုသေးကြောင်း ပါရှိပါတယ်။
ယခင်ထုတ်ပြန်ချက်များတွင် တားမြစ်ထားတဲ့ စစ်ကောင်စီထုတ်ကုန်များနဲ့ စစ်ကောင်စီနှင့်ပတ်သက်တဲ့ လူ၊ ကုန်ပစ္စည်းများကို တင်ဆောင်ခွင့် မပြုကြောင်းနဲ့ မနက် ၆နာရီကနေ ညနေ ၅ နာရီအတွင်းသာ သွားလာခွင့်ပြုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိပါတယ်။