ကွက်ခိုင်မှာ ဦးလေးကိုသွားကြိုတဲ့ အမျိုးသားတစ်ဦး သတ်ဖြတ်ခံရ
21 February 2022-Kachinwaves
ကွက်ခိုင်မြို့သို့ ဦးလေးကို သွားကြိုရန် ထွက်သွားပြီး ပျောက်ဆုံးနေတဲ့ နမ့်ဖာလွန်ကျေးရွာမှ အမျိုးသားတစ်ဦးကို ၄ ရက်အကြာတွင် Asia World ဂိတ်နောက်မှာ သေဆုံးနေတာတွေ့ရကြောင်း ဒေသခံတစ်ဦးကဆိုပါတယ်။
၎င်းအမျိုးသားဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ဦးလေးဖြစ်သူကိုသွားကြိုရန် ကွတ်ခိုင်မြို့သို့ ဆိုင်ကယ်နဲ့ ထွက်သွားပြီးနောက် ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ၂၀ ရက်နေ့တွင် Asai World ဂိတ်အနောက်မှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ရကြောင်း ဒေသခံတစ်ဦးကဆိုသည်။
“လည်ပင်းနဲ့ ခန္ဓာကိုယ်တွေမှာ ရိုက်ထားတဲ့ဒဏ်ရာတွေ တွေ့တယ်။ ပြီးတော့ နှာခေါင်းမှာလည်း သွေးတွေယိုထားသလိုဖြစ်တယ်။”လို့ ဒေသခံတစ်ဦးကဆိုသည်။
သူနဲ့အတူယူဆောင်သွားတဲ့ ဖုန်းနဲ့ ငွေတွေလည်း ပျောက်ဆုံးသွားကြောင်း ဆိုသည်။
သေဆုံးသွားတဲ့ အမျိုးသားရဲ့ အသက်မှာ ၂၉နှစ်အရွယ်ဖြစ်ပြီး ၃ လအရွယ်ကလေးငယ်တစ်ဦးရဲ့ ဖခင်ဖြစ်ကြောင်း သိရပါတယ်။
သေဆုံးခဲ့တဲ့ဖြစ်စဉ် အသေးစိတ်ကိုတော့ မသိရသေးကြောင်း ဒေသခံတစ်ဦးက ဆိုပါတယ်။