ဆွမ်ပီယာန်အနီး ရှိန်ဂတ်ဘွမ်တွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်နေ
19 February 2022-Kachinwaves
ကချင်ပြည်နယ် ပူတာအိုမြို့ရှိ ဆွမ်ပီယန်ကျေးရွာအနီးက ရှိန်ဂတ်ဘွမ်က စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေနှင့် PDF ပူးပေါင်းတပ်တို့က သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က တပ်သား ၅ ဦး သေဆုံးကြောင်းလည်း သိရသည်။
ရှိန်ဂိတ်ဘွမ်ရှိ စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေတပ်နှင့် PDF ပူးပေါင်းတပ်တို့ ယနေ့ နံနက်ပိုင်း ၁၁ နာရီမှစတင်ပြီး သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင်လည်း ရှိန်ဂတ်ဘွမ်ရှိ စစ်ကောင်စီတပ်စခန်းကို ကေအိုင်အေတပ်မှ သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်တပ်ကြပ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ေကြာင်း သိရသည်။