မိုးမောက်က ပြည်သူနှစ်ဦး စစ်ကောင်စီ၏ ပစ်သတ်ခြင်းခံရ
19 February 2022-Kachinwaves
ကချင်ပြည်နယ် မိုးမောက်မြို့ရှိ စစ်ကောင်စီတပ် အမှတ် (၄၃၇)တပ်ရင်းရှေ့၌ ဖေဖော်ဝါရီလ ၁၈ရက်နေ့ည ၉နာရီခွဲခန့်အချိန်တွင် ဖြတ်လာသည့် အရပ်သားပြည်သူနှစ်ဦးကို စစ်ကောင်စီတပ်မှ ပစ်သတ်ခဲ့ကြောင်း ဒေသခံတစ်ဦးကဆိုသည်။
၎င်းတို့နှစ်ဦး ဆိုင်ကယ်နှင့် ဖြတ်လာချိန် စစ်ကောင်စီတပ်မှ ရပ်ခိုင်းသည်ကို မရပ်သည့်အတွက် ပစ်သတ်ခံရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“သူတို့နှစ်ယောက် ဆိုင်ကယ်နဲ့ ဖြတ်လာတဲ့အချိန် စစ်တပ်က ရပ်ခိုင်းတာ မရပ်ဘဲမောင်းသွားလို့ ပစ်သတ်ခံရတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ထိုနှစ်ဦးအား ပစ်သတ်ခဲ့သည့် စစ်ကောင်စီတပ် အမှတ် (၄၃၇)တပ်ရင်းရှေ့၌ အရင်က လမ်းသွားလမ်းလာပြည်သူများကို တာတားဆီးရပ်တန့်ခိုငခြင်း မရှိခဲ့ကြောင်း သိရသည်။
ပစ်သတ်ခံရသူနှစ်ဦးသည် အသက် ၃၅ နှင့် ၄၁ နှစ်အရွယ် ဦးလပါနှင့် ဦးထိန်နန် ဆိုသူတို့ဖြစ်ကြောင်းနှင့် ၎င်းတို့နှစ်ဦးသည် လက်လုပ်လက်စား အခြေခံလူတန်းသားများဖြစ်ကြောင်း သိရသည်။