ပူတာအိုခရိုင်အတွင်း စစ်ကောင်စီပိုင် ထုတ်ကုန်များနှင့် မူးယစ်ဆေးဝါးများ ရောင်းဝယ်ခြင်းမပြုရန် ကေအိုင်အို စာ ထုတ်
30 January 2022-Kachinwaves
ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း မြစ်ကြီးနား – ဆွမ်ပရာဘွမ် – ပူတာအိုလမ်းတွင် စစ်ကောင်စီပိုင် ထုတ်ကုန်များနှင့် မူးယစ်ဆေးဝါးများကို ရောင်းဝယ်ဖောက်ကားသယ်ဆောင်ခြင်း မပြုလုပ်ရန် ကေအိုင်အို၏ ပူတာအိုခရိုင်အုပ်ချုပ်ရေးရုံးမှ ယနေ့ သတိပေးစာ ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်သည့်နေ့မှစပြီး လိုက်နာဆောင်ရွက်ခြင်း မရှိပါက လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများတွင် ဖြစ်ပေါ်လာမည့် ပြဿနာများကို လုံးဝ တာဝန်ယူမည် မဟုတ်ကြောင်း ရေးသားထားသည်။
ထို့အပြင် စစ်ရှောင်ပြည်သူများ နှင့် ဒေသခံပြည်သူများ၏ ခွင့်ပြုချက်မရှိသော လယ်ယာမြေ၊ ဥယျာဥ်များတွင် ရွှေတူးဖော်ခြင်း လုံးဝ မပြုလုပ်ရန်လည်း ပါရှိသည်။