စစ်ကောင်စီတပ် ပစ်လိုက်သည့် လက်နက်ကြီး ပြည်သူ့နေအိမ်များသို့ ကျရောက်
29 January 2022-Kachinwaves
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ ကချင်ကုန်းဆာကျေးရွာတွင် ဇန်နဝါရီလ ၂၈ရက်နေ့က စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ် (MNDAA)တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီတပ် ပစ်လိုက်သည့် လက်နက်ကြီး ၃လုံး ပြည်သူများ၏နေအိမ်များတွင် ကျရောက်ခဲ့ကြောင်း သိရသည်။
ပြည်သူများ၏ နေအိမ်များတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သော်လည်း လူထိခိုက်မှုတော့ မရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ဇန်နဝါရီလ ၂၈ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လောမွန်နှင့် မန်အိုင်ရွာကြားတွင်တစ်ကြိမ်၊ ကချင်ကုန်းဆာကျေးရွာတွင်တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။