ပုလောမြို့နယ်တွင် စစ်ကောင်စီ၏ ဆီဘောက်ဆာယာဥ်တန်း တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံး။
26 January 2022 – Kachinwaves
တနင်္သာရီတိုင်း ပုလောမြို့နယ် ကျောင်ပုဇွန်တောင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဆီဘောက်ဆာ ယာဥ်တန်းပါ စစ်ကား ၂၂ စီး တိုက်ခိုက်ခံရကြောင်း သိရပါသည်။
ဖြစ်စဥ်မှာ ဇန်နဝါရီလ ၂၆ ရက် နံနက် ၁နာရီခွဲအချိန်တွင် ထားဝယ် သရက်ချောင်းဘက်မှ မြိတ်မြို့ဘက်သို့ ဦးတည်မောင်းနှင်လာသော ဆီဘောက်ဆာကား (၂၂) စီးပါ ယာဥ်တန်းကို ပုလောမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှသတင်းရရချင်းသွားရောက်ခဲ့ရာ မိုင်းဆွဲတိုက်ခိုက်ရန် အချိန်မမှီသဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ ယာဥ်တန်းအဆုံး၌ လိုက်ပါလာသောလုံခြုံရေးယာဥ်နှင့်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာစစ်ကောင်စီဘက် (၂) ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှရမ်းသန်းပစ်ခတ်မှုကြောင့်အရပ်သားပြည်သူတစ်ဦးခြေထောက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (ပုလော) PDF မှထုတ်ပြန်ထားပါသည်။