26 January 2022-Kachinwaves
လက်ရှိဖြစ်ပျက်နေသည့် အခက်အခဲများကို ကျော်လွှာနိုင်ပြီး တိုင်းရင်းသားပြည်သူတစ်ရပ်လုံး လိုလားတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံပေါ်ထွန်းလာရေးအတွက် လက်တွဲဆောင်ရွက်နိုင်မည့် အဖွဲ့အစည်းအားလုံးနှင့်အတူ လက်တွဲကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့နွေဦးတော်လှန်ရေးတစ်နှစ်ပြည့်ခါနီးအချိန်ဖြစ်သည့် ယနေ့ ဇန်နဝါရီလ ၂၆ ရက်နေ့၌ KIO ဗဟိုကော်မတီမှ ထုတ်ပြန်လိုက်သည်။