ပူတာအိုမှာ ပထမဆုံး Covid-19 အတည်ပြုလူနာသစ်တွေ့

ကချင်ပြည်နယ် ပြည်နယ်ကျန်းမာရေးဦးစီဌာနရဲ့ ထုတ်ပြန်ချက်အရ ယနေ့ ကချင်ပြည်နယ်မှ ကိုဗစ်ပိုးတွေ့လူနာ ၁၂ ဦးရှိပြီး ပူတာအိုက တစ်ဦးပါဝင်သည်။

ပိုးတွေ့လူနာသည် အသက်(၂၆)နှစ်ရှိပြီး ပူတာအိုမြို့ ကောင်ကထောင်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်။ ရန်ကုန်မှ ပြန်လာသူဖြစ်ပြီး အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ကွာရန်တင်းဝင်နေသူတစ်ဦးဖြစ်သည်။
ကချင်ပြည်နယ်အတွင်း လက်ရှိ ကိုဗစ်ရောဂါကုသမှုခံယူနေသူ ၁၅၁ ဦးရှိပြီး အတည်ပြုလူနာ ၃၈၁ ဦးရှိသည်။