အင်တာနက်လိုင်းကောင်းများ အမြန်ဆုံးတပ်ဆင်ပေးဖို့ နောင်မွန်လူငယ်များတောင်းဆို
အင်တာနက်လိုင်းကောင်းများ အမြန်ဆုံးတပ်ဆင်ပေးဖို့ နောင်မွန်လူငယ်များတောင်းဆို
နောင်မွန်မြို့မှ လူငယ်များသည် နည်းပညာခေတ်မှာ အင်တာနက်မရသောကြောင့် လူငယ်များအတွက် နစ်နာရကြောင်းနှင့် အင်တာနက်အမြန်ဆုံးတပ်ဆင်ပေးရန် တောင်းဆိုသည့် campaign တစ်ခုပြုလုပ်ခဲ့ကြသည်။
နောင်မွန်မြို့နယ်တွင် အင်တာနက်မရသောကြောင့် လူငယ်များအတွက် အခွင့်အရေးများဆုံးရှုံးရကြောင်း နောင်မွန်မြို့မှ လူငယ်တစ်ဦးဖြစ်သူ မောင်ယုံငိုင်ဒါဝိက ပြောသည်။
“ကျွန်တော်တို့နောင်မွန်မှာလေ အွန်လိုင်းမရလို့နော် အင်တာနက်မရလို့ ကျွန်တော်တို့အဓိက ကျွန်တော်တို့လူငယ်ပိုင်းမှာလည်းပဲ အရမ်းအားနည်းချက်ရှိပါတယ်။ အဲ့ဒီအွန်လိုင်းကိုရစေချင်လို့ အဓိကတင်ထားခြင်းဖြစ်ပါတယ်။ ပညာရေး ကျန်းမာရေး လူမှုရေး အကုန်လုံးအဲ့မှာ အခုခေတ်က အွန်လိုင်းကနေပဲလုပ်တယ်ပေါ့နော် ကျွန်တော်တို့ အဲလိုမျိုး လုပ်ခွင့်မရဘူး အဓိက အဲ့မျိုးအချက်တွေနဲ့တင်ထားတာ ဟုတ်တယ်”ဟု မောင်ယုံငိုင်ဒါဝိက ပြောသည်။
နောင်မွန်မြို့နယ်သည် မြန်မာနိုင်ငံ၏ မြောက်ဘက်စွန်ဆုံးရှိ မြို့နယ်ဖြစ်ပါသည်။ နောင်မွန်တွင် ယခင်က ဖုန်းလိုင်းများမရသော်လည်း ယခုအချိန် မြို့တွင်းတွင် ဖုန်းခေါ်ရန် အဆင်ပြေလာပြီး အင်တာနက်လိုင်းတော့ မကောင်းသေးပါ။
Photo: David Tin Tin YN