UNDP Land Registration Video Caption

UNDP Land Registration Video Caption (မြန်မာစကားပြော)
“UNDP Myanmar နဲ့ Yangon Film School တို့မှ ဖန်တီးထားတဲ့ animated video ဖိုင်လေးကို ဝေမျှခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လယ်ယာမြေမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်တွေကို ရှာဖွေရတာ အခက်အခဲရှိနိုင်ပါတယ်။ ဒါပေမဲ့ မြေယာဌားရမ်းမှု လုံခြုံစိတ်ချရဖို့နှင့် မှတ်ပုံတင်ထားခြင်းမရှိလို့ နောက်ဆက်တွဲ ဆုံးရှုံးမှုတွေ မကြုံတွေ့ရလေအောင် မြေယာသုံးစွဲနေသူများအနေဖြင့် မိမိတို့လုပ်ကိုင်နေတဲ့မြေယာကို မှတ်ပုံတင်ထားဖို့ကတော့ အလွန်အရေးကြီး ပါတယ်။ ဒီ video လေးကနေပြီးတော့ မြေယာအသုံးပြုခွင့်လျှောက်ထားခြင်း၊ မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်များအတွက် နည်းလမ်းပေးနိုင်မှာဖြစ်တဲ့အပြင် ဒီလုပ်ငန်းစဉ်တွေကိုဆောင်ရွက်ရာမှာ အကူအညီပေး၊ လမ်းညွှန်ပြနိုင်မဲ့ အဖွဲ့အစည်း များနဲ့ ဆက်သွယ်နိုင်မဲ့ဖုန်းနံပါတ်များလည်း တင်ပြပေးထားပါတယ်။” မှတ်ချက်။ ဤပညာပေးဗီဒီယိုဖိုင်ပါ အကြောင်းအရာ အချက်အလက်များသည် သက်ဆိုင်ရာအဖွဲ့အစည်းနှင့် သက်ဆိုင်ပါသည်။