ကျွန်းပင်များအား စိုက်ပျိုးလုပ်ကိုင်သည့်သူများ ပိုင်ဆိုင်ကြောင်း စာထုတ်
ကျွန်းပင်များကို အစိုးရပိုင်မသတ်မှတ်တော့ဘဲ စိုက်ပျိုးလုပ်ကိုင်သည့် သက်ဆိုင်ရာ ကုမ္ပဏီ၊ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းသို့ ပိုင်ဆိုင်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ အောက်တိုဘာ ၁၄ရက်တွေ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်ရတဲ့သူ၊ ပုံစံ(၇)၊မိမိပိုင်အိမ်ခြံဝန်းတို့တွင်ကိုယ်တိုင်စိုက်ပျိုးထားလျှင် အမှန်တကယ် စိုက်ပျိုးထားကြောင်းနှင့် မြေပိုင်ဆိုင်မှုအထောက်အထားများဖြင့် မြို့နယ်သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်လျှောက်နိုင်ပြီး ၎င်းတို့မှ ကွင်းဆင်းစိစစ်ပြီး မှတ်ပုံတင်လုပ်ပေးမှာဖြစ်၍ ကချင်ပြည်နယ် သစ်တောညွှန်ကြားရေးမှူး ဦးခင်မောင်ဦးက ပြောသည်။
“ကိုယ်တိုင်စိုက်ပျိုးထားတယ်ဆိုရင် သစ်တောဌာနမှာ မှတ်ပုံတင်လို့ရပါတယ်။မြို့နယ်ဦးစီးအရာရှိရုံးမှာ မြေပိုင်ဆိုင်မူအထောက်အထားတွေနဲ့ အထောက်အထားတွေယူပြီးမှ မြို့နယ်သစ်တောဌာနမှာ မှတ်ပုံတင်လာလုပ်လို့ရပါတယ်။ ပြီးတော့ မြို့နယ်သစ်တောဦးစီးဌာနက ကွင်းဆင်းစိစစ်ပြီးတော့မှ အမှန်တကယ် စိုက်ပျိုးတာ မှန်တယ်ဆိုရင် သူက မှတ်ပုံတင်လုပ်ပေးမှာ ဖြစ်ပါတယ်”ဟု ဦးခင်မောင်ဦးက ဆိုသည်။
သစ်တောနယ်မြေထဲမှာ ခွင့်ပြုချက်ရပြီး တည်ထောင်ထားတဲ့ သော ပုဂ္ဂလိက ကျွန်းစိုက်ခင်းများသည် နဂိုကတည်းက ခွင့်ပြုချက်ယူထားပြီးသားမိုလို့ မှတ်ပုံတင်စရာမလိုတော့ ကြောင်းလည်း ဦးခင်မောင်ဦးက ဆိုသည်။
လက်ရှိ သစ်တောဥပဒေအသစ်ထဲတွင် ကျွန်းနှင့် ပတ်သက်ပြီး ရေးထားသည့်ဥပဒေများနှင့် ဘယ်လောက်ထိ ကိုက်ညီမူရှိသလဲဆိုသည်ကို ပြန်လည်သုံးသပ်သင့်ကြောင်း အစိမ်းရောင်အလင်းတန်းများအသင်း(KCWG) မှ Program Manager ဦးဘရန်အောင်က ပြောသည်။
“သူကကြေညာချက်တော့ ထုတ်တာတော့ ဟုတ်တာပေါ့ အဲ့မှာ ဒါပေမဲ့ အဲဒီကျွန်းအသစ်ဥပဒေပြဌာန်းထားတဲ့ ဥပဒေတွေထဲမှာက ဘယ်လိုပုံစံပြဌာန်းထားသလဲဆိုတဲ့အပိုင်းတွေလည်း ပြန်လည်လေ့လာသုံးသပ်သင့်တာပေါ့နော်။ ဥပဒေကထုတ်ထားတာတော့တစ်မျိုး အခုညွန်ကြားချက်ထုတ်လာတာကတစ်မျိုးဆိုရင် ဒါက လူထုအပေါ်မှာလာပြီးမှ ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ အနေအထားမျိုး ဖြစ်နိုင်တာပေါ့နော်။ လက်ရှိမြန်မာနိုင်ငံရဲ့ သစ်တောဥပဒေထဲမှာ ကျွန်းကျတော့ သူကသီးခြားအနေနဲ့ ပြဌာန်းထားတာကို မည်သည့်နေရာတွင်မဆိုပေါက်သော ကျွန်းသည် နိုင်ငံပိုင်ဖြစ်တယ်လိုရေးထားတာတယ်။ အဲ့လိုမျိုးပုံစံရေးထားတယ်။ ဒါပေမဲ့ ဒီဟာကြီးထွက်လာတာက ဘယ်လိုပုံစံမျိုးနဲ့လုပ်မှာဆိုတာ နောက်ပိုင်းတွေလာအုံးမှာ လို့တော့ မြင်တာပေါ့နော်”ဟု ဦးဘရန်အောင်က ပြောသည်။
ယခင်က သစ်တောဥပဒေတွင် နိုင်ငံပိုင် မည်သည့်နေရာတွင် ပေါက်ရောက်သော ကျွန်းပင်များသည် နိုင်ငံပိုင်ဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့ပါသည်။