မချမ်းဘော့အနီး မလိခမြစ်တွင် ပျက်ကျထားသည့် လေယာဉ်တစ်စီးတွေ့
မချမ်းဘော့မြို့နယ် မန်နူကျေးရွာအနီး မလိခ မြစ်တွင် ပျက်ကျ လေယာဉ် တစ်စီးတွေ့ရှိထားပြီး ဒေသခံများလည်း လာရောက်ကြည့်ရှုသူများနေကြောင်း ထိုလေယာဉ်ကို သွားရောက်ကြည့်ရှုခဲ့သည့် မချမ်းဘော့ ဒေသခံတစ်ဦးကဆိုသည်။
အောက်တိုဘာလ ၁၁ ရက်နေ့တွင် ဒေသခံ နှစ်ဦးဖြစ်သူ ဦးဖုန်းဆန်း ဖုန်ဆိုင်းနှင့် ဦးအဒီခွ တို့က ငါးဖမ်းသွားရင်း တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ဆိုသည်။
ထိုလေယာဉ်တွင် QA036 အမှတ်ကို တွေ့ရှိထားကြောင်းလည်းဆိုသည်။
ထိုလေယာဉ်သည် လေယာဉ်တစ်စီးအတိုင်းရှိနေဆဲဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ပျက်ကျသွားသည့် လေယာဉ်ဖြစ်ကြောင်း ပြောဆိုနေကြပြီး ယခုအချိန် တပ်မတော်မှ စခန်းချပြီး စောင့်ကြည့်နေကြောင်းလည်း ဒေသခံ တစ်ဦးကဆိုသည်။
မချမ်းဘော့မြို့နယ် သက်ဆိုင်ရာ ဌာနဆိုင်ရာများလည်း လာရောက်ကြည့်ရှုထားကြောင်း သိရသည်။
ထိုနေရာတွင် စောင့်ကြည့်နေသည့် တပ်မတော်သားတစ်ဦး၏ ပြောကြားချက်အရ သူတို့မှတ်တမ်းတွင် အင်္ဂလိပ် စစ်လေယာဉ်ဟု ပါရှိကြောင်းလည်း ဆိုသည်။
ထိုလေယာဉ်သည် လူတစ်ရပ်ခန့်ရှိသည့် ရေအောက် သဲသောင်ပြင်တွင် ရှိနေခြင်းဖြစ်ကြောင်း ဆိုသည်။ လေယာဉ်ရှိသည့်နေရာတွင် အမှတ်အသားပြုလုပ်ထားကြောင်း သိရသည်။
ရေငုပ်ပြီးရှာသော်လည်း သေချာမတွေ့ရှိသေးကြောင်းဆိုသည်