ကချင်ပြည်နယ် မြို့နယ် ၁၁ ခုမှ ကျေးရွာအုပ်စု အချို့တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်
ကချင်ပြည်နယ်ရှိ ခေါင်းလန်ဖူးမြို့နယ် ကျေးရွာ အုပ်စု တစ်အုပ်စု၊ ဆွပ်ပရာဘွမ်မြို့နယ်မှ ကျေးရွာအုပ်စု(၃၁)စု၊ မချမ်းဘော့မြို့နယ်မှ ကျေးရွာအုပ်စု(၁၅)စု၊ မံစီမြို့နယ်မှ ကျေးရွာအုပ်စု(၂၂)အုပ်စု၊ မိုးမောက်မြို့နယ်မှ ကျေးရွာအုပ်စု (၂၁)စု၊ ရွှေကူမြို့နယ်မှ ကျေးရွာအုပ်စု(၉)စု၊ ချီဖွေမြို့နယ်မှ ကျေးရွာအုပ်စု (၉)စု၊ ဆော့လော်မြို့နယ်မှ ကျေးရွာအုပ်စု(၈)စု၊ တနိုင်းမြို့နယ်မှ ကျေးရွာအုပ်စု(၂)၊ ဝိုင်းမော်မြို့နယ်မှ ကျေးရွာအုပ်စု (၁၃) အုပ်စုနှင့် အင်ဂျန်ယန်မြို့နယ်မှကျေးရွာအုပ်စု (၆၁) အုပ်စု ပါဝင်ကြောင်း ထုတ်ပြန်ခဲ့သည်။