ရွေးကောက်ပွဲဆိုင်ရာ အသိပညာတိုးဖို့ ဖုန်းဆက်ဖြေပြီး ငွေဖြည့်ကြပါစို့
ရွေးကောက်ပွဲဆိုင်ရာ အသိပညာတိုးဖို့ ဖုန်းဆက်ဖြေပြီး ငွေဖြည့်ကြပါစို့
(LIVE ထုတ်လွှင့်တင်ဆက်မယ့် ရွေးကောက်ပွဲပညာပေးကဏ္ဍ)
သင်ဟာကချင်ပြည်နယ်မှာ မဲပေးမယ့် မဲဆန္ဒရှင်ပြည်သူတစ်ယောက်လား။ ဒါဆိုရင် မဲဆန္ဒရှင်တစ်ယောက် ဘာတွေသိထားဖို့လို့အပ်သလဲ။ မဲဆန္ဒရှင်တစ်ယောက်အနေနဲ့ ဘာတွေကိုဆောင်၊ ဘာတွေကိုရှောင်ရမလဲဆိုတာကိုရော သိထားပြီးပြီလား။ ဒီအတွက် အစီစဉ်ကောင်းလေးတစ်ခုကို မိတ်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။
ဒါကတော့ Kachineaves သတင်းဌာနကနေ ပြုလုပ်သွားမယ့် Voter education အမေးအဖြေကဏ္ဍရဲ့ “ဖုန်းဆက်ဖြေမယ် ငွေဖြည့်မယ်”ဆိုတဲ့ အစီစဉ်လေးပဲဖြစ်ပါတယ်။ ဒီအစီစဉ်ကို လာမယ့် အောက်တိုဘာလရဲ့ အပတ်စဉ် သောကြာနေ့ညနေ (၆)နာရီမှာ Kachinwaves သတင်းဌာနရဲ့ Facebook page မှာ Live လွှင့်တင်ဆက်သွားမှာ ဖြစ်ပြီး Live တစ်ကြိမ်မှာ မေးခွန်း (၅)ခု မေးမြန်းသွားမှာ ဖြစ်ပါတယ်။ ပါဝင်လိုသူတွေအနေနဲ့ ကချင်ပြည်နယ်မှာ မဲပေးမယ့် မဲဆန္ဒရှင်ဖြစ်ရပါမယ်။
မေးခွန်းဖြေဆိုရန် ဖုန်းနံပါတ် (၀၉၉၆၀၀၆၃၀၂၁)ကို ဆက်သွယ်ပြီး အဖြေတွေကို ဖြေဆိုရမှာဖြစ်ပါတယ်။ မေးခွန်းတစ်ခုအတွက် အဖြေမှန်သူ (၅)ဦးအထိလက်ခံသွားမှာဖြစ်ပြီးတော့၊ ပါဝင်သူတွေအနေနဲ့ မေးခွန်း (၅)ခုလုံးကို ပါဝင်ဖြေဆိုနိုင်ပြီး၊ အဖြေမှန်တစ်ခုအတွက် ဖုန်းဘေလ် ၅၀၀၀ ကျပ် ပြန်လည်ဖြည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကချင်ပြည်နယ် မဲဆန္ဒရှင်ပြည်သူများအနေနဲ့ Kachinwaves ရဲ့ “ဖုန်းဆက်ဖြေမယ် ငွေဖြည့်မယ်”ဆိုတဲ့ Live ထုတ်လွှင့်ခြင်း အစီအစဉ်ကနေတဆင့် ရွေးကောက်ပွဲအသိပညာလည်းတိုး ဖုန်းဘေလ်လေးတွေလည်း လက်ဆောင်ရယူဖို့အတွက် မေးခွန်းလေးတွေကို ပျော်ပျော်ရွှင်ရွှင်ပါဝင်ဖြေဆိုဖို့အတွက် ဖိတ်ခေါ်လိုက်ပါတယ်။
အခုအစီအစဉ်လေးကို အသေးစိတ်ပိုမိုသိရှိချင်တယ်ဆိုရင်တော့ ယခုပို့စ်ရဲ့ comments မှာပဲဖြစ်ဖြစ် Facebook page message box မှာပဲဖြစ်ဖြစ် လာရောက် မေးမြန်းနိုင်ပါတယ်။