ရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ရက်နေ့ကျင်းပတော့မည်
အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ နိုင်ဝင်ဘာလ ၈ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး၊ ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေး လုပ်ငန်းများကို ဇွန်လိုင်လ ၁ရက်နေ့မှစ၍ စတင် ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်လိုက်သည်။ ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းနှင့်ပတ်သက်၍ ကိုယ်စားလှယ်လောင်းများ အတည်ပြုပြီးလျှင် ထုတ်ပြန်ပေးမည် ဖြစ်ကြောင်းပါရှိသည်။
လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းစတင် တင်သွင်းနိင်သည့်နေ့ရက်သည် (၂၀၂၀ ဇွန်လိုင်လ ၂၀)ဖြစ်ပြီး နောက်ဆုံးတင်သွင်းနိုင်သည့်နေ့ရက်မှာ (၂၀၂၀ သြဂုတ်လ ၇ရက်) ဖြစ်သည်။ တင်သွင်းထားသော အမည်စာရင်းများကို ပြန်လည်ရုပ်သိမ်းလိုလျှင် ရုပ်သိမ်းနိုင်သည့်နောက်ဆုံးနေ့ရက်မှာ သြဂုတ်လ ၁၀ရက်နေ့ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်လောင်းတင်သွင်းလွှာများကို စိစစ်သွားမည့်နေ့ရက်မှာ သြဂုတ်လ ၁၁ ရက်မှ ၁၇ အထိဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Ref; Union Election Commission (Facebook page)