Covid-19 ကူးစက်ရောဂါကြောင့် မြန်မာနိုင်ငံသို့လာရောက်မည့် ပြည်ဝင်ခွင့် ဗီဇာများ ထုတ်ပေးခြင်းကို ယာယီရပ်ဆိုင်း
Covid-19 ကူးစက်ရောဂါ ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်သည့် အစီအမံများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ဗီဇာအမျိုးအစားအားလုံးကို ဧပြီလ ၃၀ ရက်နေ့အထိ ယာယီရပ်ဆိုင်းလိုက်ကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။
သံတမန်နိုင်ငံကူးလက်မှတ်နှင့် အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများမှအပ ဗီဇာထုတ်ပေးခြင်းကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။