ကချင်တော်လှန်ရေးနေ့အခမ်းအနားနဲ့ပတ်သက်ပြီး ထိန်းသိမ်းခံထားရသူနှစ်ဦးအား ထောင်ကြီးသို့ပို့
ဖေဖော်ဝါရီ(၅)ရက်နေ့က ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျော်ဘွမ်ဆုတောင်းတောင်တွင် ကျင်းပခဲ့သည့် ကချင်တော်လှန်ရေးနေ့ အခမ်းအနား နှင့်ပတ်သက်ပြီး ထိန်းသိမ်းခံထားရသူ နှစ်ဦးအား ယနေ့ အကျဉ်ထောင်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း အဆိုပါကိစ္စအား လိုက်ပါကူညီပေးနေသူ Rev.Dr Maji La Wawm ကဆိုသည်။
ထိန်းသိမ်းခံထားရသူနှစ်ဦးမှာ ဂျော်ဘွမ်ဆုတောင်းတောင် တာဝန်ခံ Rev.ဘိမာဒေါင်လွမ်း နှင့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် မြစ်ကြီးနားဇုံနယ် လူငယ်တာဝန်ခံ ဆရာတူးထန် တို့ဖြစ်ပြီး ၎င်းနှစ်ဦးကို ဖောဖော်ဝါရီ (၆)ရက်နေ့က စတင်ပြီး မြို့မရဲစခန်းတွင် ထိန်းသိမ်းခဲ့သည်။
ထိုဆရာနှစ်ဦးအား ယနေ့ ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လယ်ပိုင်းတွင် မြစ်ကြီးနားအကျဉ်ထောင်သို့ပို့ဆောင်ထားပြီးဖြစ်ကြောင်း Rev.Dr Maji La Wawm ကဆိုသည်။
ထိန်းသိမ်းခံထားရသူ ဆရာနှစ်ဦးအား (၁၇၊၁)နဲ့အမှူဖွင့်ထားကြောင်း ဆိုသည်။ထိုကိစ္စပြေလည်သွားကြောင်း လူကြီးတွေလည်း ညှိနှိုင်းနေဆဲဖြစ်ကြောင်းလည်းဆိုသည်။
“အဓိကတရားစွဲတာက ဒီနှစ်က စစ် ဝတ်စုံတွေနဲ့ ပြဇာတ်ပါသွားတဲ့အတွက် အစိုးရတွေလည်း ဘဝင်မကျဘူးထင်တယ် အဲတာကြောင့် ၁၇၊၁ နဲ့စွဲတယ်ထင်တယ်။”
ဆရာနှစ်ဦးအား ချုပ်ရက် ရမန်ယူထားပြီဖြစ်ပြီး ဖေဖော်ဝါရီ ၂၀ ရက်တွေ ချုပ်ရက် ရမန်ရက်ပြည့်မည်ဖြစ်ကြောင်းလည်း သိရသည်။
မြို့မရဲစခန်းတွင် ၅ ရက်ကြာ ထိန်းသိမ်းထားပြီး ယနေ့ ၆ရက်နေ့တွင် ၁၂ နာရီမထိုးခင် အကျဉ်းထောင်သို့ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။