ကချင်လူငယ်ထုမှ ဦးဆောင်တဲ့ ပိတ်မိစစ်ဘေး ဒုက္ခသည်များလွတ်မြောက်ရေး လူငယ်များဆန္ဒပြ
ကချင်လူငယ်ထုမှ ဦးဆောင်တဲ့ ပိတ်မိစစ်ဘေးဒုက္ခသည်များလွတ်မြောက်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်တဲ့ သပိတ်စခန်းကို ယနေ့ မနက် ၅ နာရီမှစတင်ကာ မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်း၊ ကချင်ပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးရှေ့ မှာ ပြန်လည် ပြုလုပ်နေပါတယ်။
တိုက်ပွဲကြားပိတ်မိပြည်သူများလွတ်မြောက်လာနိုင်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခြင်းကို မဖြစ်မနေလုပ်ဆောင်ရခြင်းဖြစ်တယ်လို့ ကချင်လူငယ်သပိတ်စခန်း ဖြစ်မြောက်ရေးကော်မတီမှ ဦးဆောင်သူတစ်ဦး ဦးလွမ်းဇောင်းက ဆိုသည်။
မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမပေါ်တွင် ဆန္ဒပြနေစဉ်