ကေအိုင်အေ တပ်မဟာ(၁)ဌာနချုပ်ကို တပ်မတော် လေယာဉ်ဖြင့်ပစ်
ယနေ့ဧပြီလ ၂၅ရက်နေ့ မွန်းလွဲပိုင်း ၃း၀၀နာရီကျော်အချိန်တွင် ကေအုင်အေ တပ်မဟာ(၁)ဌာနချုပ် အခြေစိုက် အင်ဂွမ်လတွင် တပ်မတော်ဂျက်လေယာဉ် (၂)စီးပေါ်မှ စစ်သေနတ်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ကေအိုင်အို သတင်းနှင့်ပြန်ကြားရေးဌာနမှ အရာရှိတစ်ဦးကဆိုသည်။
ပစ်ခတ်မှုကြောင့် လူသေဆုံးမှု မရှိသော်လည်း တပ်တွင်းမှ နေအိမ် ၇ အိမ်ခန့် ထိခိုက်ပျက်စီးသွားကြောင်း အင်ဂွမ်လနယ်ခံတစ်ဦးကဆိုသည်။
လက်ရှိအချိန်တွင် ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ မိုးကောင်းမြို့နယ်နှင့် ဗန်းမော်ခရိုင်များတွင် တိုက်ပွဲဖြစ်ပွားလျှက်ရှိပြီး စစ်ပြေးဒုက္ခသည်များလည်း တိုးပွားလာလျှက်ရှိသည်။