ဝိုင်းမော်နဲ့ ဆဒုံးမြို့ ကားလမ်းပိုင်းကို ဝူယန်ကျေးရွာမှာ စစ်ကောင်စီက မြောင်းတူးဖျက်ဆီး
–
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နဲ့ ဝူယန်ကျေးရွာကြားရှိ ကားလမ်းကို ဒီမနက် ၆ နာရီလောက်မှာ စစ်ကောင်စီက ဘက်ဖိုးနဲ့မြောင်းတူးဖျက်ဆီးလိုက်ကြောင်း ဒေသခံများက ပြောပါတယ်။
“ကျွန်တော်တို့တော့ စစ်ရှောင်နေတယ်။ တစ်ချို့အနည်းငယ်ကတော့ မရှောင်တဲ့သူတွေ ပြောတာတော့ ဒီမနက် ဝူယန်ပြန်တဲ့ လမ်းဖျက်လိုက်ပြီလို့ ပြောပြတယ်။”လို့ ဒေသခံများတစ်ဦးက ပြောပြပါတယ်။
အဆိုပါကားလမ်းဟာ ဝိုင်းမော်မြို့ကနေ ဆဒုံး၊ ကန်ပိုင်တည် ဘက်ကိုအသွား အထွက်လမ်းဖြစ်ကြောင်း သိရပါတယ်။
ဆဒုံးမြို့ကို ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်နေ့မှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။