ရေဘေးသင့်နေတဲ့ ဗန်းမော်မြို့က စကခ ၂၁ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့
5 July 2024 – Kachinwaves
စင့်ကင်ရွာဘက် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ ဗန်းမော် စကခ (၂၁) ကို KIA ပူးပေါင်းအဖွဲ့က ဒီကနေ့ မနက် ရှော့တိုက်ဒုံးနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။
စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) က မနေ့ည လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ပြန်လည်တိုက်ခိုက်တာဖြစ်တယ်လို့ ဗန်းမော်ဒေသက စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“စစ်တပ်ဘက်က လက်နက်ကြီးနဲ့ မနေ့ညက ရမ်းသန်းပစ်ခတ်မှုတွေ လုပ်တာကြောင့်ရယ်၊ (စကခ-၂၁) တပ်အတွက် မွေးနေ့လုပ်ပေးတယ်။”လို့ ပြောပါတယ်။
ရှော့တိုက်ဒုန်း ပစ်ခတ်ခဲ့ပြီးနောက် စစ်တပ်ဘက်က ဗန်းမော်အနောက်ဘက်ခြမ်း စင့်ကင်ရွာဘက်ကို လက်နက်ကြီး ပြန်လည်ပစ်ခတ်ခဲ့တာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“စင့်ကင်ကျေးရွာဘက်ကို ပစ်ခတ်တာမျိုးတွေ လက်နက်ငယ် ပစ်ခတ်မှုတွေ လုပ်ခဲ့တယ်။”လို့ သတင်းရင်းမြစ်က ပြောပါတယ်။
မနေ့ညကလည်း စစ်ကောင်စီတပ်က စင့်ကင်ရွာဘက်ကို လက်နက်ကြီး ၁၅ လုံး ပစ်ခတ်ခဲ့တာကြောင့် လူနေအိမ် ထိခိုက်ပျက်စီးမှု ရှိခဲ့ကြောင်း သိရပါတယ်။
လတ်တလော ဗန်းမော်မြို့မှာ ဧရာဝတီမြစ်ရေကြီးမှုကြောင့် မြို့ရဲ့ စိုးရိမ်ရေမှတ်အထက် ၄ ပေကျော်ရောက်ရှိနေပြီး ရေဘေးသင့်ခံနေရတာ ဖြစ်ပါတယ်။