ပလန ကျေးရွာစစ်ဆေးရေးဂိတ်တွင် စကစ များ အရပ်ဝတ်ဖြင့် စစ်ဆေးမှုပြုလုပ်နေ
9 June 2024 – Kachinwaves
မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်းမ ပလန ကျေးရွာစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော်က အရပ်ဝတ်ဖြင့် စစ်ဆေးမှုပြုလုပ်နေကြောင်း သတင်းရရှိသည်။
ယနေ့ လက်ရှိအချိန်မှာပဲ ဖြတ်သွားဖြတ်လာ ကားနှင့် ဆိုင်ကယ်များကို အသေးစိတ်ဖွင့်ကြည့် စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု မျက်မြင်တစ်ဦးက ပြောသည်။
“ပလန ဂိတ်မှာ စစ်ဆေးရေးကြမ်းနေတယ်။ ကားတွေ ဆိုင်ကယ်တွေ အကုန်စစ်တယ်။ တူးဘောက်တွေ ဖွင့်ကြည့်ပြီးမှ စစ်ဆေးနေတယ်။”ဟု ပြောသည်။
မြစ်ကြီးနားမြို့ ပလန ကျေးရွာရှိ စစ်ကောင်စီရဲစခန်းအား ယမန်နှစ် ဧပြီလတွင်တစ်ကြိမ်၊ သြဂုတ် ၁၃ ရက်နေ့ညတွင်တစ်ကြိမ်၊ ၂၀၂၂ ခုနှစ် ဩဂုတ်လတွင်တစ်ကြိမ် KIA တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့ဖူးသည်။