မပခ ရဲ့ နမ့်ပေါင်လေတပ်စခန်း ထပ်မံတိုက်ခိုက်ခံရ
2 June 2024 – Kachinwaves
မြစ်ကြီးနားမြို့ မြောက်ပိုင်တိုင်းစစ်ဌာနချုပ်ရဲ့ နမ့်ပေါင်လေတပ်စခန်းထဲ ဒီကနေ့ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်က KIA ပူးပေါင်းတပ်ဖွဲ့ဘက်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၂ လုံးဟာ လေတပ်ထဲက ဆေးပေးခန်းပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ စစ်ကောင်စီတပ်တွင်းနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေထံကတစ်ဆင့် သိရှိရပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ်အတွင်း လူထိခိုက်မှု ရှိမရှိကိုတော့ အတည်မပြုနိုင်ဘူးလို့ ဆိုပါတယ်။
KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က ဝိုင်းမော်မြို့အနီး စစ်ကောင်စီတပ်စခန်းတွေကို ဒုတိယအကြိမ် ထိုးစစ်ဆင်လိုက်တဲ့ မေ ၁၈ ရက်နေ့ကလည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ပစ်ခတ်ခဲ့တဲ့ရှော့တိုက်ဒုံး ပမ္မတီးရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။