ရေကြီးလာတဲ့အတွက် နောင်ဟီးရွာမှ စစ်ရှောင်ပြည်သူဦးရေ ၇၀၀ ကျော် သောက်သုံးရေနှင့် အစားအသောက် ခက်ခဲနေ
29 May 2024 – Kachinwaves
ဝိုင်းမော်မြို့နယ် အင်ဂန်းရွာ (N-gan) တွင် စစ်ရှောင်နေသည့် နောင်ဟီးရွာမှ စစ်ရှောင်ပြည်သူဦးရေ ၇၀၀ ကျော်သည် ဧရာဝတီမြစ် ရေတက်လာသောကြောင့် သောက်ရေနှင့် သွားရေးလာရေး အခက်ကြုံလာရကြောင်း စစ်ရှောင်တစ်ဦးက ပြောသည်။
ဝိုင်းမော်မြို့နယ် နောင်ဟီးကျေးရွာမှ ပြည်သူများသည် စစ်ကောင်စီတပ်က လက်နက်ကြီး အပြင်းအထန် ပစ်ခတ်လာပြီး ကျေးရွာအနီးပတ်ဝန်ကျင်တွင် လက်နက်ကြီးကျည်များ ကျရောက်မှုရှိခဲ့သည့်အတွက် အင်ဂန်းကျေးရွာသို့ တိမ်းရှောင်လာသည်မှာ တစ်ပတ်ကျော်လာပြီဖြစ်ကြောင်း နောင်းဟီးကျေးရွာ စစ်ရှောင်ပြည်သူတစ်ဦးက ပြောပါသည်။
“အင်ဂန်းရွာမှာ စစ်ရှောင်နေတဲ့ နောင်ဟီးက ပြည်သူတွေ ဧရာဝတီမြစ် ရေတက်လာတဲ့အတွက် သောက်သုံးရေနဲ့ သွားလာရေး အခက်အခဲ ရှိလာတယ်။”လို့ ဒေသခံက ပြောပါတယ်။
ဝိုင်းမော်မြို့နယ်နဲ့ နယ်ေမြချင်းဆက်စပ်နေတဲ့ ချီဖွေမြို့မှာလည်း ရေကြီးမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။