အမျိုးသမီးကို အဓ္ဓမပြုကျင့်ရန် ကြံစီခဲ့သည့် စစ်သားဖမ်းဆီးခံထားရချိန် အစောင့်တပ်သား ၃ ဦးကို ပစ်သတ်ပြီး ထွက်ပြေး
12 April 2022-Kachinwaves
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ဟူးနောင်ကျေးရွာမှ အသက် ၅၀နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အဓ္ဓမပြုကျင့်ရန်ကြံစီခဲ့သည့် စစ်ကောင်စီစစ်သား ဘွတ်တင့်ခိုင်ည် သဖမ်းဆီးထိန်းသိမ်းခံထားရာမှ အစောင့်စစ်သားသုံးဦးကို ပစ်သတ်ပြီး လက်နက်နှင့်အတူ ထွက်ပြေးသွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“အဲစစ်သားကို မနက်ပိုင်းက ချည်ထားတာတဲ့ ညနေပိုင်းက ကြိုးပြန်ဖြည်ပေးလိုက်ပြီး စစ်သား ၄ ယောက်စောင့်ထားတဲ့အဲချိန် သေနတ်လုပြီး ပစ်သတ်သွားတာတဲ့၊ (အစောင့်) ၃ယောက်က သေသွားပြီတဲ့”ဟု ဒေသခံတစ်ဦးက ဆိုသည်။
၎င်းစစ်ကောင်စီစစ်သား ဘွတ်တင့်ခိုင်သည် ယနေ့နံနက် အမျိုးသမီးတစ်ဦးကို အတင်းအဓ္ဓမပြုကျင့်ရန် ကြံစီခဲ့သည့်အတွက် စစ်ကောင်စီတပ်မှ ဖမ်းဆီးချုပ်နှောင်ထားသည့် စစ်သားဖြစ်သည်။
အမျိုးသမီးသည် အတင်းအဓ္ဓမပြုကျင့်ရန် ကြံစီသည့်စစ်သားက ရိုက်နှိက်ထားခဲ့သော ဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
ဟူးနောင်ကျေးရွာသည် စစ်ကောင်စီ ခမရ ၃၃၆ တပ်ရင်း တပ်စွဲနေသည့် ကျေးရွာ ဖြစ်သည်။