မြစ်ကြီးနားမှာ Silent Strike တွင် မပါဝင်ရန် စစ်ကောင်စီ ခြိမ်းခြောက်
29 January 2022-Kachinwaves
စစ်အဏာသိမ်း တစ်နှစ်ပြည့် ဖေဖော်ဝါရီ ၁ရက်နေ့မှာ ပြုလုပ်မည့် Silent Strike တွင် မပါဝင်ရန် စစ်ကောင်စီရဲများက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စျေး (၁) ဈေးနှင့် (၂)များရှိ ဈေးဆိုင်ရောင်းသူများကို လက်မှတ်ထိုးခိုင်းခဲ့ကြောင်း သိရသည်။
Silent Strike တွင်ပါဝင်လျှင် အကြမ်းဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးပုဒ်မ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေနှင့် တည်ဆဲဥပဒေများအရ အရေးယူခံနိုင်ကြောင်း ဆိုင်းဘုတ်များထောင်ထားသည်။
ရွှေကူမြို့နယ် စစ်ကောင်စီ၏ စည်ပင်သာယာရေး အဖွဲ့မှလည်း Silent Strike တွင် မပါဝင်ရန် ဈေးဆိုင်များတွင် စာဖြန့်ဝေခဲ့ကြောင်း သိရသည်။
စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်သည့်ဖေဖော်ဝါရီလ ၁ ရက်နေတွင် “ပြည်တော်ဝင်ဖို့ ရုန်းကြစို့၊ အဆုံးသတ်တိုက်ပွဲ ဒို့ဆင်နွဲ၊ လုံးဝအုပ်ချုပ်ခွင့် မရစေရ” စသည့် ကြွေးကြော်သံဆောင်ပုဒ်များဖြင့် တိတ်ဆိတ်ငြိမ်သက်ခြင်း သပိတ်ကိုပြုလုပ်ရန် ပြည်သူများ ပြင်ဆင်နေကြသည်။