ပူတာအိုမြို့ စစ်ဘေးဒုက္ခသည်များ၏ ဝါး လုပ်ငန်း
ပူတာအို လုံးစွပ်ရပ်ကွက်ရှိ စစ်ဘေးဒုက္ခသည်စခန်းတွင် အင်ခါးဂါးကျေးရွာနှင့် မပြုံးစသည့် ကျေးရွာများမှ ပြည်သူများ နေထိုင်ကြသည်။ ထိုစစ်ဘေးဒုက္ခသည်များသည် ၎င်းတို့မိသားစု စားဝတ်နေရေးအတွက် ၀င်ငွေရရှိရန်အတွက် လုပ်ငန်းများကို လူစုခွဲပြီး ပြုလုပ်ကြသည်။ အချို့က ၀က်မွှေးကြသည်။ အချို့က ၀ါးခွက်များ ပြုလုပ်သည်။
အဆိုပါ ဒုက္ခသည် ၅ ယောက်ပေါင်းပြီး ၀ါးခွက်အမျိုးမျိုး ၊ ၀ါးဖြင့်ပြုလုပ်ထားသည့် ပန်းအိုးများ၊ ပန်းကန်များ နှင့် အခြား ပစ္စည်းများကိုလည်း ၀ါးဖြင့်ပြုလုပ်ပြီးရောင်းကြပါသည်။ ၎င်းတို့ပြုလုပ်ထားသည့် ပစ္စည်းများကို ပူတာအိုတွင်သာ ရောင်းကြသည်။ အချို့လူတွေက ဒုက္ခသည်စခန်းသို့ လာရောက်ပြီး ၀ယ်ယူကြကြောင်း လည်းပြောပြသည်။
၎င်းတို့ လုပ်ငန်းကို Kachin Waves သတင်းအဖွဲ့မှ ရိုက်ကူးတင်ဆက်ထားပါသည်။