ပိတ်မိပြည်သူများလွတ်မြောက်ရေးအတွက် ဆန္ဒထုတ်ဖေါ်နေကြသော ကချင် လူငယ်များကို အရေးယူပေးရန် တိုက်တွန်းကြောင်းထုတ်ပြန်စာတစ်စောင် ထွက်လာခဲ့ပြီး ယင်းထုတ်ပြန်စာသည် အတုသာဖြစ်ကြောင်း ကချင်ပြည်နယ် NLD အတွင်းရေးမှူး ဦးနော်လီက ပြောသည်။ “NLD ပါတီရဲ့ နှစ် ၂၀ ကျော် နိုင်ငံရေးဖြတ်သန်းမှုမှာ ပြည်သူဘက်က ရပ်တည်ပြီး အာဏာရှင်တွေကို တော်လှန်ခဲ့တယ်၊... Read More
admin
ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် သဘောတူညီချက်ရရှိပြီးနောက် ဖားကန့်မြို့နယ် Lai Nawng Hku (မန်ဝယ်)တွင် ပိတ်မိနေသည့် ပြည်သူများကို သွားရောက်ကယ်ထုတ်ရန် ဘာသာရေးခေါင်းဆောင်များ၊ PCG (ငြိမ်းချမ်းရေး ဆွေးနွေးရေး အကျိုးဆောင်အဖွဲ့) အဖွဲ့ဝင်များသည် ယနေ့မေလ ၄ရက်နေ့တွင် ကာမိုင်းမြို့သို့ရောက်ရှိနေပြီဖြစ်သော်လည်း တပ်မတော်က ပိတ်မိနေသည့် ပြည်သူများကို ခေါ်ယူရန်ခွင့်မပြုသည့်အတွက် ဆက်လက်ညှိနှိုင်းနေဆဲဖြစ်ကြောင်း PCG... Read More
ကချင်ဝန်ကြီးချုပ်နှင့် ဆန္ဒပြကချင်လူငယ်ထု ကိုယ်စားလှယ်များ ယနေ့ညတွင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း အဆင်မပြေသေးသည့်အတွက် လူငယ်များမှာ ဆက်လက်ဆန္ဒထုတ်ဖေါ်နေမည်ဖြစ်ကြောင်း သိရသည်။ ဝန်ကြီးချုပ်နှင့် ကချင်လူငယ်ထုကိုယ်စားလှယ်များ မနက်ဖြန် (မေ ၄ ရက်) နံနက်ပိုင်းတွင် ဆက်လက် ညှိနှိုင်းရန်ရှိကြောင်း သိရသည်။ ပုံ။ ည ၁၁း၀၀ နာရီခွဲအထိ ဆန္ဒထုတ်ဖော်နေကြစဉ်။... Read More
ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဆန္ဒထုတ်ဖေါ်နေကြသော ကချင်လူငယ်ထုကိုယ်စားလှယ်များနှင့် ယနေ့ညနေ သုံးနာရီတွင်တွေ့ဆုံရန်အကြောင်းပြန်ထားတယ်လို့ သပိတ်စခန်းဖြစ်မြောက်ရေးကော်မတီမှ ဦးလွမ်းဇောင်းက ပြောသည်။ “သူတို့ဘက်ကတော့ လူငယ်ကိုယ်စားလှယ်သုံးဦးရွေးပြီးလာတွေ့ဖို့အကြောင်းကြားလာတယ်၊ ဝန်ကြီးချုပ်ကနေ ကျွန်တော်တို့ လူငယ်တွေဆန္ဒထုတ်ဖေါ်နေတဲ့ နေရာမှာ လာတွေ့ပေးဖို့တောင်းဆိုထားတယ်၊ အကြောင်းတော့မပြန်သေးဘူး” ဟု၎င်းက ဆိုသည်။ တိုက်ပွဲကြားပိတ်မိနေသော ပြည်သူများလွတ်မြောက်လာနိုင်ရေးအတွက် ယနေ့မနက်မှစတင်ကာ မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်း ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးရှေ့တွင် ကချင်လူငယ်ထုမှ... Read More
ကချင်လူငယ်ထုမှ ဦးဆောင်တဲ့ ပိတ်မိစစ်ဘေးဒုက္ခသည်များလွတ်မြောက်ရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်တဲ့ သပိတ်စခန်းကို ယနေ့ မနက် ၅ နာရီမှစတင်ကာ မြစ်ကြီးနားမြို့ ဆွမ်ပရာဘွမ်လမ်း၊ ကချင်ပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဌာနရုံးရှေ့ မှာ ပြန်လည် ပြုလုပ်နေပါတယ်။ တိုက်ပွဲကြားပိတ်မိပြည်သူများလွတ်မြောက်လာနိုင်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ခြင်းကို မဖြစ်မနေလုပ်ဆောင်ရခြင်းဖြစ်တယ်လို့ ကချင်လူငယ်သပိတ်စခန်း ဖြစ်မြောက်ရေးကော်မတီမှ ဦးဆောင်သူတစ်ဦး ဦးလွမ်းဇောင်းက... Read More
အင်ဂျန်းယန်မြို့နယ်ရှိ ကျေးရွာအချို့မှ ဒေသခံများ အယောက် ၁၀၀၀ခန့်သည် ရွာဘက်သို့ တပ်မတော်စစ်ကြောင်းများ ဝင်ရောက်လာသည့်အတွက် ဧပြီ ၂၅ညနေတွင် ရွာသားများသည် ကျေးရွာမှထွက်ပြေးလာပြီး ဘွမ်နဲန်ယန်ကျေးရွာတွင်စုပြီး တိမ်းရှောင်နေလျှက်ရှိကြောင်း အင်ဂျန်းယန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဂျာဆိုင်းခေါန်ကပြောသည်။ အဆိုပါဒုက္ခသည်များသည် ဇွပ်မိုင်ယန်၊ ပုန်ဆွေယန်၊ ဘွမ်ဆယ်ဇွပ်၊ ဆွတ်ငိုင် စသည့် ကျေးရွာများမှ ဖြစ်ကြောင်းလည်းဆိုသည်။... Read More
ယနေ့ဧပြီလ ၂၅ရက်နေ့ မွန်းလွဲပိုင်း ၃း၀၀နာရီကျော်အချိန်တွင် ကေအုင်အေ တပ်မဟာ(၁)ဌာနချုပ် အခြေစိုက် အင်ဂွမ်လတွင် တပ်မတော်ဂျက်လေယာဉ် (၂)စီးပေါ်မှ စစ်သေနတ်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ကေအိုင်အို သတင်းနှင့်ပြန်ကြားရေးဌာနမှ အရာရှိတစ်ဦးကဆိုသည်။ ပစ်ခတ်မှုကြောင့် လူသေဆုံးမှု မရှိသော်လည်း တပ်တွင်းမှ နေအိမ် ၇ အိမ်ခန့် ထိခိုက်ပျက်စီးသွားကြောင်း အင်ဂွမ်လနယ်ခံတစ်ဦးကဆိုသည်။ လက်ရှိအချိန်တွင်... Read More
မရန် ဧပြီ ၂၄ ကလေးသုံးယောက်ဖခင် မျက်မမြင်တစ်ဦးဖြစ်သူ တကျော့ပြန် စစ်ဘေးဒုက္ခသည် ဦးဆိုင်းအောင်သည် တောထဲတောင်ထဲ ချောင်းရေများကို ဖြတ်လျှောက်ရပြီးနောက် သုံးရက်မြောက်နေ့မှ မြစ်ကြီးနားမြို့နယ် နမ်ကျင်းကျေးရွာသို့ ရောက်ရှိလာခဲ့ပါသည်။ သူသည် နမ်ကျင်းကျေးရွာသို့ ရောက်ရှိချိန်တွင် ကချင်ပြည်နယ် လဝကမှ စစ်ဆေးကာ မိသားစုဓာတ်ပုံများ ရိုက်ယူပြီးနောက်၊ နမ္မတီးမြို့ မြို့ဦးရပ်ကွက်ရှိ... Read More
နမ္မတီးတွင် ရောက်ရှိခိုလှုံနေသည့် ကဆုန့်နှင့် ဇွမ်မိုင်ကျေးရွာမှ တကျော့ပြန် စစ်ဘေးဒုက္ခသည်များသည် (နွေရာသီ)ရေခမ်းချိန်ဖြစ်သည့်အတွက် သောက်သုံးရေ ခက်ခဲမှုများစွာရှိနေပြီး အခြားအကူအညီများလည်း များစွာလိုအပ်နေကြောင်း နမ္မတီး လမ်းခွနှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာ လရိန်ကဆိုသည်။ “တစ်ရွာလုံး ရေးခမ်းနေတဲ့အချိန်ဆိုတော့ သောက်သုံးရေ တော်တော်ခက်နေတယ်။ ရေပြသနာ တော်တော်များများတက်နေတယ်။ လူကများတော့ အခြားအကူအညီလည်းများစွာ လိုအပ်နေတယ်”ဟု ဆရာလရိန်ကဆိုသည်။... Read More
မိုးကောင်းမြို့နယ် ကဆုန့်ကျေးရွာအနီးရှိ ကေအိုင်အေ တပ်ရင်း (၁၁)ဘက်တွင် တိုက်ပွဲများပြင်းထန်လာနေ၍ စစ်ဘေးဒုက္ခသည်စခန်းမှ နေရပ်ပြန် နေထိုင်ခဲ့သောကျေးရွာပြည်သူအများစုမှာ ကျေးရွာဘုရားကျောင်း၌ စုရုံးပြီး နေနေကြရကြောင်း ယင်းကျေးရွာမှ သင်းထောက်ဆရာ ဦးလဂျောင်ကပြောသည်။ ကဆုန့်ရွာသားများသည် လွန်ခဲ့သည့်နှစ် ၂၀၁၇၊ သြဂုတ်လ ၁၁ရက်နေ့ တပ်မတော်နှင့် ကေအိုင်အေ တပ်ရင်း ၁၁တို့ တိုက်ပွဲဖြစ်ပွားခဲ့စဉ်က... Read More