အင်းတော်ကြီး နမ့်မွန်းကျေးရွာမှာ ပြည်သူ့နေအိမ်တွေကို SNA ရှမ်းနီတပ် မီးရှို့ခဲ့
–
ကချင်ပြည်နယ်၊ မိုးညင်းမြို့နယ် အင်းတော်ကြီးဒေသ၊ နမ့်မွန်းကျေးရွာ ဆနွန်းကုန်းရပ်ကွက်ရှိ နေအိမ် ငါးလုံးကို SNA ရှမ်းနီတပ်က ဒီနေ့ နိုဝင်ဘာ ၁၀ ရက်နေ့ မနက် ၈ နာရီလောက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အသက် ၄၀ နှစ်အရွယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“ဒီမနက် SNA တွေ ရွာကိုဝင်လာပြီး နေအိမ်တွေကို မီးရှို့သွားတယ်။ နေအိမ် ၅ အိမ်ကို မီးရှို့ပြီး ပြန်ပြေးသွားတာ”လို့ ဒေသခံအမျိုးသားက ပြောပါတယ်။
SNA တပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာလည်း ကချင်ပြည်နယ်၊ မိုးညှင်းမြို့ပေါ်မှာ အင်အားပြ လှုပ်ရှားခဲ့တယ်လို့ သိရပါတယ်။