ဘွမ်ဖာဘွမ် ထုံးကျောက်လိုဏ်ဂူထဲ ဒေသခံတွေပြန်လာပြီး ဝင်ရောက်ကြည့်ရှုနိုင်ပြီ
16 April 2024 – Kachinwaves
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဘန်ဒေါင်ယန်ကျေးရွာက ဘွမ်ဖာဘွမ် (Bum Hpa Bum) ထုံးကျောက်လိုဏ်ဂူထဲ ဒေသခံတွေပြန်လာပြီး ဧပြီ ၁၃ ရက်နေ့က ဝင်ရောက်ကြည့်ရှုခဲ့ကြတာ ဖြစ်ပါတယ်။
ဘန်ဒေါင်ယန်ကျေးရွာ ဒေသခံတွေဟာ ၂၀၁၁ ခုနှစ် ကချင်ဒေသတကျော့ပြန်စစ်ကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လက်ရှိအချိန်၊ ဘန်ဒေါင်ယန်ကျေးရွာဒေသဟာ KIO ရဲ့ ထိန်းချုပ်နယ်မြေအတွင်း ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။
ယခင်စစ်အစိုးရနဲ့ KIO အပစ်အခတ်ရပ်စဲရေး ရရှိခဲ့တဲ့ ၁၉၉၄ ခုနှစ်နောက်ပိုင်း ဝိုင်းမော်မြို့နယ် ဘန်ဒေါင်ယန်ကျေးရွာဒေသကို KIO က ဒေသဖွံ့ဖြိုးရေးစိမံကိန်းအဖြစ် ဖော်ဆောင်ခဲ့တဲ့ ကျေးရွာဖြစ်ပါတယ်။
ဘွမ်ဖာဘွမ် (Bum Hpa Bum) ထုံးကျောက်လိုဏ်ဂူထဲမှာ ကျောက်စက်ပန်းဆွဲနဲ့ ကျောက်စက်မိုးမျှော်တွေကို မြင်တွေ့ရပါတယ်။