စကစ လေယာဉ်နှင့် KIA ဒရုန်း၊ အပြန်အလှန် တိုက်ခိုက်နေ
9 November 2023 – Kachinwaves
ယနေ့မွန်းတည့် ၁၂ နာရီဝန်းကျင်က လိုင်ဇာမြို့အနီးရှိ ရှေ့တန်းစစ်မျက်နှာပြင် နေရာများတွင် တိုက်လေယာဉ်ဖြင့် နှစ်ကြိမ်ထက်မနည်း ပစ်ခတ်သွားကြောင်း သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
နမ်ဆန်ယန်ကျေးရွာသို့အသွား မိုင်ဆတ်ပါရွာအနီးတွင် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အပေါ်ကနေ လေယာဉ်နဲ့ ဇောက်ထိုးဆင်းပြီးတော့မှ စက်သေနတ်နဲ့ ဆွဲသွားတာ”ဟု လေယာဉ်ကို လှမ်းမြင်လိုက်သူတစ်ဦးက ပြောသည်။
ထို့အပြင် အောက်တိုဘာ ၂၀ ရက်နေ့က စစ်ကောင်စီတပ် လက်လွှတ်ခဲ့ရသည့် အောင်ဂျာစခန်းတွင်လည်း တိုက်လေယာဉ်ဖြင့် ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။
KIA ဘက်ကလည်း ဝိုင်းမော်မြို့ ရွှေညောင်ပင်ကျေးရွာရှိ ခမရ ၃၂၁ တပ်စခန်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်က အောက်တိုဘာ ၃၁ နှင့် နိုဝင်ဘာလ ၁ ရက်နေ့ကလည်း လိုင်ဇာမြို့အနီးရှိ အလဲန့်ဘွမ်တောင်ကြောသို့ တိုက်လေယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ငါးကြိမ်ထက်မနည်း ပြုလုပ်ခဲ့သည်။
တပ်စခန်းများကို လက်လွှတ်ေနရသည့် စစ်ကောင်စီသည် လက်တုံ့ပြန်ချေမှုန်းမည်ဟု ပြောဆိုထားသည်။