ရေခဲပြင်ပေါ်က ရှိန်းခေါင်ရွာတွင် မီးလောင်မှုဖြစ်
7 November 2023 – Kachinwaves
ရေခဲဖုံးလွှမ်းသည့် ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ်က ရှိန်းခေါင်ကျေးရွာတွင် ယမန်နေ့ နိုဝင်ဘာ ၆ ရက်နေ့ည၌ မီးလောင်မှု ဖြစ်ခဲ့ကြောင်း သိရပါသည်။
မီးလောင်ရသည့် အကြောင်းရင်းကို မသိရသေးသလို မီးလောင်သွားသည့် အိမ်ခြေအရေအတွက်ကိုလည်း မသိရသေးပါ။
ရှိန်းခေါင်ကျေးရွာသည် တရုတ်မြန်မာနယ်စပ် ကျေးရွာဖြစ်ပြီး အခြေခံပညာ အထက်တန်းကျောင်းခွဲရှိသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်နယ်စပ်ကျေးရွာဖြစ်၍ တရုတ်နိုင်ငံဘက်မှ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို အားထားနေရသော ဒေသဖြစ်သည်။
CRI Myanmar ကလည်း နိုဝင်ဘာ ၃ ရက်နေ့မှာပဲ “မြန်မာပြည်ထဲက “ရှိန်းခေါင်”လို့ ခေါ်တဲ့ရေခဲပြင်ပေါ်က ရွာလေး”ဟု ခေါင်းစဉ်တပ်ကာ လည်ပတ်စရာကောင်းသည့် နယ်စပ်ရွာအဖြစ် ဖော်ပြထားသည်ကို တွေ့ရသည်။
===
Photo: Sar Aung Marphang (ရေခဲဖုံးလွှမ်းပုံ)
Kagabu Mongce (မီးလောင်ပုံ)