လိုင်ဇာမြို့ထဲသို့ လက်နက်ကြီးဖြင့် အကြိမ်ပေါင်း ၂၀ ထက်မနည်း စစ်ကောင်စီတပ် ရမ်းသမ်း ပစ်ခတ်ခဲ့
4 November 2023 – Kachinwaves
စစ်ကောင်စီတပ်စခန်းကုန်းများမှ လိုင်ဇာမြို့ထဲသို့ ယနေ့တစ်ရက်တည်း၌ လက်နက်ကြီးများဖြင့် အကြိမ်းပေါင်း ၂၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
လက်နက်ကြီး ရမ်းသမ်းပစ်ခတ်သည့် စစ်ကောင်စီတပ် စခန်းကုန်းများမှာ မြစ်ကြီးနား – ဗန်းမော်လမ်း အနီးတစ်လျှောက်ရှိ ခန်းကိုင်ဘွမ်၊ ဘွမ်ရဲဘွမ်၊ ဖွန်းပျဲဘွမ်နှင့် ခယာဘွမ် တောင်ကုန်းစခန်းများရှိ စစ်ကောင်စီတပ်စခန်းများမှ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကေအိုင်အို ၏ သတင်းနှင့် ပြန်ကြားရေးက သတင်းထုတ်ပြန်ထားသည်။
လိုင်ဇာမြို့ထဲမှ နေအိမ်တစ်အိမ်ထဲ ကျရောက်ပေါက်ကွဲခဲ့သလို တရုတ်ဘက်ခြမ်းလည်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဆိုသည်။
တရုတ်ဘက်ကမ်း၌ ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကြောင့် တရုတ်နိုင်ငံသား ထိခိုက်မှုရှိကြောင်းလည်း သိရသည်။
စစ်ကောင်စီတပ်များမှ ၁၂၀ မမ လက်နက်ကြီးများနှင့် တွဲဒုံးယာဉ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။