ကျောက်စိမ်း လုပ်ကွက်မှာ ဖြစ်ပေါ်နေတဲ့ ရေကန်အတွင်း မြေပြိုကျရာမှ ရေချိုးနေသူများ မျောပါနစ်မြုပ်ခဲ့ပြီး ၁ ဦးသေ
5 August 2023 – Kachinwaves
ကချင်ပြည်နယ် ဖားကန့် ကျောက်စိမ်းမှော်ဒေသ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်း အောင်သာယာ ၂ မှော်ကွက်ရပ်ရှိ သာယာကုန်းကမ်းပါး မြေစာပြိုကျရာ အောက်ခြေရေကန်အနီး ရေကန်အစပ်မှာ ရေချိုးနေတဲ့ အမျိုးသမီးနှစ်ဦးနဲ့ ကလေးနှစ်ဦး ရေလိှုင်းထဲ မျောပါသွားခဲ့ကြောင်း သိရပါတယ်။
အဲ့ဒီ မြေစာပြိုကျတဲ့နေရာဟာ ပွင့်လင်းရာသီအချိန်ကာလက ကျောက်စိမ်းတူးဖော်ခဲ့ကြပြီး အောက်ခြေမှာ ပေ ၃၀၀ နီးပါးရှိ ရေကန်ဖြစ်ပေါ်နေတဲ့ နေရာဖြစ်ပါတယ်။ ရေရှားပါးနေတဲ့အတွက် ရေချိုးသွားရာမှ အခုလို ဖြစ်ပျက်ခဲ့တာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ပေ လေးရာလောက်ကနေ မြေစာတွေပြိုကျခဲ့ရာက အောက်ခြေရေကန်ထဲကို မြေစာတွေ ကျခဲ့တာပါ။ အဲ့ဒီကနေ ရေလှိုင်းကြီးတွေဖြစ်ပြီး ကန်အစပ်မှာ ရေချိုးနေသူတွေကို လှိုင်းရိုက်ပြီး ဆွဲခေါ်ချသွားခဲ့တာပါ။”လို့ မျက်မြင်တွေ့ရှိသူ အောင်သာယာကျေးရွာသားတစ်ဦးက ပြောပါတယ်။
ရေလှိုင်းထဲမျောပါသွားတဲ့ အမျိုးသမီးနှစ်ဦးနှင့် ကလေးနှစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ကြပြီး၊အသက် ၃၇ နှစ်အရွယ် မခင်ဆွေမာကတော့ ရေထဲနစ်မြုပ် ပျောက်ဆုံးသွားတယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောပါတယ်။
ညနေ ၅ နာရီ ၃၀ မိနစ်အချိန်ေလာက်မှာေတာ့ ရေထဲေမျာပါပျောက်ဆုံးသွားတဲ့ မခင်ဆွေမာရဲ့ ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးနေသူတွေက ပြောပါတယ်။
ဖားကနျ့ ကြောကျစိမျးမှောျဒသေမှာ လုပျကှကျမွပွေိုမှုဖွစျစဥျတှေ မကွာခဏ ဖွစျပေါျနပွေီး လူထိခိုကျဒဏျရာရရှိ သဆေုံးမှုတှေ ဖွစျပှားလေ့ရှိတဲ့ ဒသေဖွစျပါတယျ။လက်ရှိမြေအခြေအနေအရလည်း ပေ (၂၀၀) လောက်မြေသားအက်ကြောင်းတွေ ဖြစ်ပေါ်နေပြီး ဆက်လက်ပြိုကျနိုင်တယ်လို့ သိရပါတယ်။
ပွင့်လင်းရာသီအချိန် ကျောက်စိမ်းတူးဖော်ခဲ့ကြပြီး မိုင်းပိတ်သိမ်းခြင်း လုပ်ငန်းေတွကို စနစ်တကျ ပြန်လည်လုပ်ဆောင်မှု အားနည်းတဲ့အချက်ေတွကြောင့် မိုးရာသီကာလရောက်ရင် နောက်ဆက်တွဲ ဆိုးကျိုးေတွအဖြစ် မြေပြိုခြင်း၊ နွံကန်ပေါက်ကျခြင်း၊ ရေစီးနဲ့အတူမျောပါပျောက်ဆုံးခြင်း ေတွနှစ်စဥ◌် ဖြစ်ပေါ်နေပြီး၊ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ဖားကန့်ဒေသ၊ ကုဋေကျေးရွာရှိ ကျေးရွာပတ် လမ်းမကြီး ပြိုကျခဲ့ေကြာင်း သိရပါတယ်။