အင်းတော်ကြီးဒေသတွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် နန်းမွန်းတောင်မှ စစ်ကောင်စီတပ် အမြောက်ဖြင့် ရမ်းသမ်း ပစ်ခတ်
7 June 2022 – Kachinwaves
ကချင်ပြည်နယ် အင်းတော်ကြီးဒေသ နန်းမွန်းမြို့မှ ၁၄မိုင်တောင်ခြေအနီးတွင် စစ်ကောင်စီတပ်ယာဉ်တန်းကို PDF က ယမန်နေ့ မွန်းလွဲ၂နာရီခန့့်၌ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်သား ၁၀ ဦးထက်မနည်းသေဆုံးသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းစစ်ကောင်စီယဉ်တန်းသည် ကား ၅စီးဖြင့်သွားလာနေစဉ် PDF တပ်ဖွဲ့က မိုင်းဖြင့် ၆ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ယာဉ်တန်းတိုက်ခိုက်ခံရပြီးနောက် နန်းမွန်းတောင်ထိပ်ရှိ စစ်ကောင်စီတပ်စခန်းမှ အမြောက်ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။