ပန်ခေါန်ယာန်ရွာ စစ်ကောင်စီစခန်းကို KIA တိုက်ခိုက်သိမ်းပိုက်
5 June 2022 – Kachinwaves
ကချင်ပြည်နယ် ရွှေကူမြို့နယ် ပန်ခေါန်ယာန်ရွာရှိ စစ်ကောင်စီရှေ့တန်းစခန်းတစ်ခုကို ယနေ့နံနက်အချိန်တွင် ကေအိုင်အေ အမှတ် (၈) တပ်မဟာ၊ တပ်ရင်း (၅)တပ်ဖွဲ့က သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ၎င်းဒေသနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၎င်း ပန်ခေါန်ယာန်စစ်ကောင်စီစခန်းသည် စခန်းငယ်တစ်ခုဖြစ်ပြီး ရွှေကူမြို့နယ် ကေအိုင်အေ အမှတ် (၈) တပ်မဟာ၊ တပ်ရင်း (၅)နယ်မြေတွင် တည်ရှိကြောင်း သိရသည်။
ပန်ခေါန်ယာန်ရွာသည် စစ်ဘေးရှောင်ရွာဖြစ်ပြီး ၎င်းရွာသားများသည် အချို့စစ်ရှောင်စခန်းများ၌ ခိုလှုံနေပြီး အချို့သည် တောတောင်များ၌ တိမ်းရှောင်နေကြကြောင်း သိရသည်။