စစ်ကောင်စီလက်အောက် ဖွင့်လှစ်သည့် မြစ်ကြီးနားနှင့် ဗန်းမော်တက္ကသိုလ်တွင် တက်ရောက်သူ ကျောင်းသား ၁ထောင်ကျော်ရှိ
18 May 2022 – Kachinwaves
စစ်ကောင်စီလက်အောက် ဖွင့်လှစ်သော ကချင်ပြည်နယ် မြစ်ကြီးနားတက္ကသိုလ် (နေ့သင်တန်း)တွင် တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူများရှိကြောင်း မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျောင်းတက်တဲ့ကျောင်းသားဦးရေ ၅၀၀ နီးပါးခန့်လည်း ရှိတယ်လို့ ကျွန်တော်တို့ သိရှိရပါတယ်”ဟု ၎င်းက ပြောသည်။
မြစ်ကြီးနားတက္ကသိုလ်တွင် စစ်ကောင်စီလက်အောက်တွင် ပြန်လည် တာဝန်ထမ်းဆောင်နေသည့် Non-CDM ဆရာ၊ ဆရာမ၊ ဝန်ထမ်းများဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
မေလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဗန်းမော်တက္ကသိုလ်တွင်လည်း မေလ ၁၂ရက်နေ့ကစပြီး ဖွင့်လှစ်ပြီး ကျောင်းတက်ရောက်သည့် ကျောင်းသူကျောင်းသား ၇၀၀နီးပါးခန့် ရှိကြောင်းသိရသည်။