ဖားကန့် စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကြောင့် ပြည်သူနှစ်ဦးသေဆုံး
4 May 2022-Kachinwaves
ကချင်ပြည်နယ် ဖားကန့်မြို့ မော်ပုံကျေးရွာတွင် မေ ၃ရက်နေ့ည ၈နာရီခွဲခန့်၌ စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် အမျိုးသားနှစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“မော်ပုံက ဆောင်းရာသီ ထမင်းဆိုင်မှာ လက်နက်ကြီးကျပြီး ဆိုင်ရှင်အမျိုးသားနဲ့ ဈေးလာဝယ်တဲ့အမျိုးသားတစ်ဦး ထိပြီးဆုံးသွားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် ဖားကန့်မြို့တွင် လေကြောင်းအသုံးပြု တိုက်ခိုက်ခြင်း၊ လက်နက်ကြီးပစ်ခတ်များ ပြုလုပ်လေ့ရှိသည်။
ဧပြီလ ၂ရက်နေ့ည ၈နာရီခွဲအချိန်တွင်လည်း ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ မြို့မရပ်ကွက် ကျောက်ဝိုင်းအနီးရှိ မိသားစု လက်ဘက်ရည်ဆိုင်ဘေးနား၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။