ဖားကန့်မှာ စစ်ကောင်စီမှ စစ်ဆေးမှုတွေ ပိုများလာ
22 March 2022-Kachinwaves
ကချင်ပြည်နယ် ဖားကန်မြို့တွင် ယခုရက်ပိုင်း စစ်ကောင်စီတပ်မှ လိုက်လံစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။
ဖားကန်မြို့ မြို့မစစ်ကောင်စီရဲစခန်းရှေ့တွင် လမ်းသွားလမ်းလာ ပြည်သူများကို ယနေ့နံနက် စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်မှ ဖားကန့်မြို့နယ်က ကေအိုင်အေတပ်ရင်း(၆)နယ်မြေသို့ စစ်ကြောင်းများ ထိုးနေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖားကန့်မြို့ စစ်ကောင်စီဗျူဟာကုန်းတွင် မတ်လ ၁၇ရက်နေ့တွင် လေယာဥ်ဖြင့် လက်နက်များနှင့် စစ်သားအင်အားများ လာချသွားခဲ့သည်။
ဖေဖော်ဝါရီလ ၂၅ရက်နေ့တွင်လည်း ကားမိုင်း-လဝါး ကားလမ်းရှိ စစ်ကောင်စီဂိတ်ကို ကေအိုင်အေမှ သွားရောက်တိုက်ခဲ့သည့်အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် စစ်ကောင်စီတပ်များ တပ်ဆုတ်သွားခဲ့သည်။
ဖားကန့်မြို့တွင် အင်တာနက်ဖြတ်တောက်ခံထားရသည်မှာ ၇ လကျော်လာပြီ ဖြစ်သည်။