တိုက်ပွဲကြောင့် မြစ်ကြီးနား-မန္တလေးခရီးသည်ယာဉ်များ လမ်းခရီးတွင် သောင်တင်နေ
19 March 2022 – Kachinwaves
ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့နှင့် နမ္မတီးမြို့ကြား ၂၁ မိုင်ဂိတ်၌ စစ်ကောင်စီတပ်နှင့် ကေအိုင်အေ၊ PDF တို့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဂိတ်ကို လက်ရှိချိန်ထိ ပိတ်ထားသောကြောင့် ခရီးသည်တင်ယာဥ်များသည် ၂၁မိုင်နှင့် နီးစပ်သည့် နမ္မတီးမြို့နှင့် မရမ်းကျေးရွာများတွင် သောင်တင်နေသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။
ယနေ့နံနက် တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းဖြင့် လာရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် ၂၁ မိုင်ဂိတ်တိုက်ပွဲသို့ နာရေးကူညီမှုကားများဖြင့် လူနာများကိုလာရောက်သယ်ဆောင်ယူခဲ့ကြောင်းလည်း သိရသည်။