၂၁ မိုင်စုပေါင်းဂိတ်အား ကေအိုင်အေနှင့် PDFတွေ တိုက်
19 March 2022-Kachinwaves
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် မရမ်းကျေးရွာအနီးရှိ (၂၁)မိုင် စုပေါင်းစစ်ဆေးရေးဂိတ်ကို ယနေ့နံနက် ၄နာရီခွဲခန့်တွင် ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တို့မှ သွားရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဖက် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ လေယာဥ်နှစ်စင်းဖြင့် တိုက်ပွဲဖြစ်ပွားရာသို့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အဲ့သူတို့ဘက်က အထိအခိုက်ရှိလို့ လေယာဥ်နဲ့လာတိုက်တာတဲ့ ဂိတ်တွေလည်း မီးရှို့ပေးလိုက်တယ်လို့ကြားတယ်”ဟု ဒေသခံတစ်ဦး ကပြောသည်။
တိုက်ပွဲကြောင့် လမ်းများကို စစ်ကောင်စီတပ်များမှ ပိတ်ထားသည့်အတွက် ဖြတ်သန်းသွားလာ၍ မရသေးကြောင်း သိရသည်။